Header Ads

ဗီလာရီးရဲလ်လူငယ်တိုက်စစ်မှူးကို ရီးရဲလ်နှင့် လီဗာပူး အပြိုင်ခေါ်ယူလို

ဗီလာရီးရဲလ်လူ ငယ်ဘောလုံးကြယ်ပွင့် လူစီယာနို ဗီယက်တိုကို စိတ်ဝင်စားနေသော ဥရောပအသင်းများစွာအနက် ရီး ရဲလ်နှင့် လီဗာပူးက ဦးဆောင်နေ သည်ဟု အေးဂျင့်ဖြစ်သူက ပြော ကြားသည်။


အသက် (၂၁) နှစ်သာရှိ သေးသည့် ဗီယက်တိုသည် ယခု နှစ် ဘောလုံးရာသီအတွင်း ဗီလာ ရီးရဲလ်အတွက် လာလီဂါတွင် ၁၁ ဂိုးသွင်းထားကာ ယူရိုပါလိဂ်၌ ခုနစ်ဂိုး သွင်းယူထားသည်။

အာဂျင်တီးနား လူငယ်တိုက် စစ်မှူး ဗီယက်တို၏ တောက်ပ လာသော ခြေစွမ်းကြောင့် အင်္ဂ လန်၊ စပိန်နှင့် ဂျာမနီတို့မှ ဘော လုံးအသင်းများက ၎င်းကို ခေါ် ယူရန် စိတ်ဝင်စားနေကြ၍  ယခု ဘောလုံးရာသီကုန်ချိန်တွင် အ သင်းပြောင်းရွှေ့နိုင်သည်ဟု အေး ဂျင့်ဖြစ်သူက ပြောကြားသည်။

‘‘သူ့ကို ခေါ်ယူဖို့ ယှဉ်ပြိုင်မှု က တကယ်ကြီးကျယ်နေပါတယ်။ သူ လီဗာပူးအသင်းနဲ့ စာချုပ် ချုပ် နိုင်ပါတယ်။

နောက်ပြီး ရီးရဲလ်နဲ့ ဂျာမန်အသင်းနှစ်သင်းလည်း စိတ်ဝင်စားနေပါတယ်။ သူဒီရာသီကုန်ရင် ဗီလာရီးရဲလ်က ထွက်ခွာနိုင် တယ်လို့ ကျွန်တော်ထင်ပါတယ်’’ ဟု ဗီယက်တို၏ အေးဂျင့်က ပြောသည်။

ဗီယက်တိုသည် ပြီးခဲ့သည့် နွေရာသီက ရေးဆင်းအသင်းမှ ဗီလာရီးရဲလ်သို့ ရောက်ရှိလာပြီး ယခုနှစ်ဘောလုံးရာသီ၌ ဗီလာရီးရဲလ်၏ ဂိုးသွင်းအများဆုံး ဘော လုံးသမား ဖြစ်သည်။

Credit: 7daydaily

No comments

Powered by Blogger.