သတင်းဌာနကဖော်ထုတ်လိုက်တဲ့ ခရစ်ဘရောင်းရဲ့ သမီးလေး
အချိန်ကြာမြင့်စွာ တွဲခဲ့သော သူငယ်ချင်းမော်ဒယ် နီယာ (၃၁)နှစ်နှင့် အဆိုတော် ခရစ်ဘရောင်း (၂၅)နှစ်တို့တွင် ကိုးလအရွယ်သမီးငယ်တစ်ဦးရှိ ကြောင်း TMZ သတင်းဌာနက ဖော်ပြသည်။
နီယာနှင့် ခရစ်တို့နှစ်ဦးစလုံး နှင့် အဆက်အသွယ်ရှိသော သတင်းရင်းမြစ်များက ၎င်းတို့နှစ် ဦးသည် လက်ရှိအချိန်တွင် ချိန်း တွေ့ခြင်းမရှိတော့သော်လည်း ဆက်ဆံရေးအခြေအနေအလွန် ကောင်းမွန်သည်ဟု ပြောသည်။ အဆိုတော် ခရစ်ဘရောင်းသည် မော်ဒယ်ကာရူချီထရန်နှင့် လွန်ခဲ့ သော လေးနှစ်က ချစ်ဇာတ်လမ်း ရှိခဲ့သော်လည်း ဆက်ဆံရေးတွင် အဖုအထစ်များအမြဲရှိခဲ့သဖြင့် လမ်းခွဲလိုက်ပြီဖြစ်သည်။
၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် လက နယူးယောက်မြို့ ဖက်ရှင်ရက်သတ္တပတ်ပွဲတွင် လက်ချင်း ချိတ်လျက် တွေ့မြင်လိုက်ရသော် လည်း ခရစ်ဘရောင်းက အင် စတာဂရမ်ဝက်ဘ်ဆိုက်၌ နီယာအား ရှည်လျားစွာတိုက်ခိုက်ပြော ဆိုခဲ့သည်။ ခရစ်ဘရောင်းက ကာရူချီထရန်သည် အဆိုတော် ဒရိတ်ခ်နှင့်တွဲနေသည်ဟု စွပ်စွဲခဲ့ သည်။
ကာရူချီထရန်နှင့် မကွဲမီ ခရစ်ဘရောင်းသည် အဆိုတော် ရီဟားနားနှင့် ၂၀၀၈ က ချစ် ကြိုက်ခဲ့သည်။ ၂၀၀၉ ဖေဖော်ဝါရီ ၈ ရက်တွင် ၎င်းတို့ကြား ပဋိပက္ခ ဖြစ်ကာ ရီဟားနားမှာ မျက်နှာ ပြတ်ရှဒဏ်ရာများရ၍ ဆေးရုံ တက် ကုသခဲ့ရသည်။
ယင်းအချိန်က ခရစ်မှာ အသက် (၁၉)နှစ်သာရှိသေးပြီး ရဲတပ်ဖွဲ့ထံ ကိုယ်တိုင်ဖမ်းဆီးခံခဲ့ သည်။ ၎င်းသည် ကာရူချီထရန်နှင့် ၂၀၁၁ တွင် စတင်ချစ်ကြိုက်ခဲ့ပြီး ၂၀၁၂ တွင် လမ်းခွဲကာ ရီဟား နားနှင့် တစ်ခါပြန်လည်ချစ်ကြိုက် ခဲ့သည်။ ၎င်းတို့သည် ၂၀၁၃ မေလတွင် လမ်းခွဲခဲ့ပြီး ခရစ်က ကာရူ ချီနှင့် ဆက်၍လက်တွဲခဲ့သည်။
Credit: 7daydaily

Post a Comment