Header Ads

Toyota Vellfire

Vellfire အကြောင်းကို ပြောတော့မယ်ဆို ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်ပြီးသား Alphard ကို ချန်ထားခဲ့လို့မရပါဘူး။ Toyota Alphard ဟာ 2008 မှာ 2nd generation အဖြစ် အပြင်ပန်း ဒီဇိုင်း ပြောင်းလဲဆန်းသစ်ခဲ့ပြီး အတွင်းခန်း ပိုမိုကောင်းမွန်အောင် ထုတ်လုပ်ခဲ့ပါတယ်။ ဒီလို ထုတ်လုပ်တဲ့အခါမှာ Alphard နဲ့ Vellfire ဆိုပြီး အခွဲ (၂)ခု ခွဲထုတ်လိုက်ပါတယ်။ Alphard က ပိုမို့ ခန့်ညားစေဖို့ကို ရည်ရွယ်ပြီး Vellfire က ပိုမိုကြံ့ခိုင်၊ အကြမ်းခံစေဖို့ကို ရည်ရွယ်ခဲ့ပါတယ်။


Toyota ကားချင်းတူသည့်တိုင်အောင် Alphard ကို Toyopet, Vellfire ကို Netz တို့က ဖြန့်ချီပေးကြတာပါ။ မိသားစုလိုက်စီးစီး၊ ခရီးပဲသွားသွား အတွင်းခန်း ဖွဲ့စည်းပုံ အဆင့်မြင့် ကောင်းမွန်တာမို့ သက်တောင့်သက်သာရှိစေမယ့် ကားအမျိုးအစားတွေပဲ ဖြစ်ပါတယ်။

Vellfire ကို 2008 ခုနှစ် 5 လပိုင်းမှာစတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Body type ကတော့ Alphard type ပုံစံနှင့်တူပြီး Alphard ထက်အနည်းငယ်ပိုကြီးကာ အတွင်းခန်းပိုကျယ်ပါတယ်။

ရုပ်ထွက်ကလဲ 2008 မှ စတင်ထုတ်လုပ်တဲ့ အတွက်ကြောင့် ဒီဇိုင်းကလည်း ခေတ်မီဆန်းသစ်စေပါတယ်။ နိုင်ငံတော်အခွန်ဆောင်ဖို့အတွက် CIF ချင်းလည်း တူတာမို့ Alphard နဲ့ဆို တန်ဖိုးအားဖြင့်လည်း မတိမ်းမယိမ်းပါပဲ။

Alphard ကတော့ 2002 ကတည်းက ထုတ်လုပ်တာမို့ မော်ဒယ်စုံရရှိနိုင်ပြီး Vellfire ကတော့ 2008 မှ စတင်ထုတ်လုပ်တာမို့ 2008 နဲ့အထက်မော်ဒယ်တွေမှသာ ရရှိနိုင်မှာပါ။

အင်ဂျင် 2400cc၊ 3500cc ရှိကြသလို 2WD/4WD တွေအနေနဲ့လည်း ထုတ်လုပ်ပါတယ်။
Alphard နဲ့ Chassis ချင်းလည်း တူပါတယ်။

2400cc, 2WD : ANH20
2400cc, 4WD : ANH25
3500cc, 2WD : GGH20
3500cc, 4WD : GGH25

Grade အခွဲအနေနဲ့ ကတော့ (၅)မျိုးရှိပါတယ်။

(၁) X
(၂) Z
(၃) V
(၄) Z G Edition
(၅) V L Edition ဆိုပြီး(၅)မျိုးရှိပါတယ်။

X, Z, V
X Grade မှာ အလွိုင်းကို 16" အလွိုင်းနဲ့ ဖြစ်ပြီး V Grade မှာတော့ 17" အလွိုင်နဲ့ ဖြစ်သွားပါမယ်။ 18" အလွိုင်းကိုတော့ Z Grade ဖြစ်မှသာ တွေ့ရှိရမှာ ဖြစ်ပါတယ်။

အင်ဂျင်ပါဝါ 2400cc (ANH20) ရဲ့ X, Z, V Grade အားလုံးကို (၇) ယောက်စီးအနေနဲ့သာ ရရှိမှာဖြစ်ပါတယ်။

(၈)ယောက်စီးကိုတော့ အင်ဂျင်ပါဝါ 3500cc, 4WD (GGH25) ရဲ့ X Grade နဲ့ V Grade (၂) မျိုးတည်းတွင်သာတွေ့ ရှိရပါတယ်။

Z G Edition / V L Edition
နောက်ထက် အင်ဂျင်ပါဝါ 3500cc တွင် Z G Editon နဲ့ V L Edition ဆိုပြီး Grade ၂မျိုးလာပါသေးတယ်။ Villfire 2008 Model ရဲ့ အမြင့် ဆုံးGrade တွေလဲဖြစ်ပါတယ်။

Z G Edition ကို GGH20 (2WD) မှာသာတွေ့ ရှိရမှာဖြစ်ပြီး V L Edition ကိုတော့ GGH25 (4WD) အနေဖြင့် တွေ့ ရှိရမှာဖြစ်ပါတယ်။

အလွိုင်းဆိုဒ်အနေနဲ့ ကတော့ Z G Editon မှာ 18" ဆိုဒ်ဖြစ်ပြီး V L Edition ကတော့ 16" ဆိုဒ်ဖြစ်ပါတယ်။ Z G Edition နဲ့  V L Editon ကို (၇)ယောက်စီးဖြင့်သာ တွေ့ ရှိရမှာဖြစ်ပါတယ်။

Power Slide Door, Celling TV နဲ့  Power Back Door နောက်ပြီး ခေါင်းဦးအကြီးစတာတွေကတော့ optional ပဲမို့ တစ်စီးနဲ့ တစ်စီး ကွက်တိမတူညီနိုင်ပါဘူး။

Toyota Vellfire, 2008 ကို Japan မှတဆင့် ၀ယ်ယူသူအမည်ပေါက် မှာယူတင်သွင်းမယ်ဆို ကားဖိုး၊ စလစ်၊ အခွန်အပါအ၀င် အပြီးအစီး ကျပ်သိန်း 480 ~ 550 ၀န်းကျင် ကျသင့်ပါလိမ့်မယ်။ မိမိဝယ်ယူမယ့် ကားရဲ့ ဂရိတ်၊ အရောင်၊ ကီလိုပေါ်မူတည်ပြီးတော့ ကားတန်ဖိုးဈေးနှုန်း ကွဲပြားသွားမှာပါ။ အသေးစိပ် သိရှိလိုပါက Distinct Trading Co., Ltd. အမှတ် (၁)၊ ကန်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း 09-254-637-637, 09-254-638-638, 09-254-639-639 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

No comments

Powered by Blogger.