ချွတ်ယွင်းနေတဲ့ ကလေးရဲ့အိပ်မက်ကို အကောင်အထည်ဖော်ပေးတဲ့ Maroon 5 အဖွဲ့
အမေရိကန် အဆိုတော် အဒမ်လက်ဗင်းဦး ဆောင်သည့် Maroon 5 ပေါ့ပ် ရော့ခ်တေးဂီတအဖွဲ့သည် ခရိုမို ဆုန်းချို့ယွင်းမှုကြောင့်ဖြစ်သော ဒေါင်းလက္ခဏာ(ဉာဏ်ရည်နိမ့် ပါးခြင်း)ခံစားနေရသည့် အသက် (၁၀)နှစ်အရွယ်ခရစ္စတိုဖာဝန်း နားဆိုသူ ကလေး၏ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော် ပေးခဲ့သည်။
ခရစ္စတိုဖာဝန်းနားသည် Maroon 5 အဖွဲ့ကို အလွန်နှစ် ခြိုက်အားပေးသူဖြစ်ကြောင်းနှင့် ၎င်းတို့အဖွဲ့၏ သီချင်းများ အကြောင်းကို မရပ်မနားပြော လေ့ရှိသူဖြစ်ကြောင်း အမေရိကန် နိုင်ငံ မေရီလန်းပြည်နယ် West Friendship အခြေခံမူလတန်း ကျောင်းမှ ဆရာမအေဗရီစတန်း နက်က Today.com သတင်း အားပြောသည်။ ဆရာမအေဗရီ သည် Maroon 5 အဖွဲ့၏ နာမည်ကျော်သီချင်းများကို သီဆိုနေသည့်ခရစ္စတိုဖာအား ဗီဒီယိုရိုက်ကူး၍ ယူကျု့ဘ်စာမျက်နှာ၌ တင်ခဲ့ သည်။ မေရီလန်းရေဒီယိုအသံ လွှင့်ဌာန Hot 99.5 ၏ The Kane Show အစီအစဉ်သည် ခရစ္စတိုဖာသီချင်းဆိုနေသည့် ဗီဒီ ယိုကိုတွေ့မြင်ခဲ့ပြီး Maroon 5 အဖွဲ့ကို အလွန်သဘောကျသော ခရစ္စတိုဖာအား ယင်းအဖွဲ့နှင့် တွေ့ဆုံခွင့်ရစေရန် စီစဉ်ပေးခဲ့ သည်။ ခရစ္စတိုဖာသည် Maroon 5 အဖွဲ့ ဖျော်ဖြေပွဲကိုကြည့်ရှုခွင့် ရရှိခဲ့သည့်အပြင် ဖျော်ဖြေပွဲအပြီး တွင် ဇာတ်စင်နောက်၌ ယင်း အဖွဲ့နှင့် သီးသန့်တွေ့ဆုံခွင့်လည်း ရရှိခဲ့သည်။
ခရစ္စတိုဖာသည် ၎င်းအလွန် သဘောကျသည့် Maroon 5 အဖွဲ့နှင့် တွေ့ဆုံခွင့်ရချိန်တွင် ထိတ်လန့်ရှက်ရွံ့နေသောကြောင့် ကြမ်းပြင်ပေါ်သို့လှဲချကာ မိခင် ရင်ခွင်ထဲ၌ ဝင်ပုန်းခဲ့သည်။ ယင်းအခြေအနေတွင် အဒမ်လက် ဗင်းက Maroon 5 အဖွဲ့သား များအားလုံးကို ခရစ္စတိုဖာကဲ့သို့ လဲလျောင်းကြရန် တိုက်တွန်းပြီး အဖွဲ့၏ အမာခံပရိသတ် ခရစ္စတို ဖာအတွက် နှစ်သက်ဖွယ် အမှတ်တရဓာတ်ပုံ အတူရိုက်ခဲ့ကြသည်။
Credit: 7daydaily

Post a Comment