Apple Watch မိတ်ဆက်ပွဲကို မတ်လ ၉ ရက်တွင် ကျင်းပမည်
Apple သည် လူအများ မျှော်လင့်စောင့်စားနေကြသည့် Apple Watch မိတ်ဆက်ပွဲကို မတ်လ ၉ ရက်တွင် ကျင်းပမည်ဟု ကြေညာခဲ့သည်။
Apple သည် ဆန်ဖရန်စစ္စကိုမြို့ရှိ Yerba Buena Center တွင် ကျင်းပမည့် ပွဲအတွက် မီဒီယာများအား ဖိတ်ကြားမှု ပြုလုပ်ခဲ့သည်။ အဆိုပါ ပွဲတွင် Apple အနေဖြင့် Apple Watch ၏ တန်ဖိုးနှင့် အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားသွားဖွယ်ရှိသည်။Apple ကုမ္ပဏီသည် Apple Watch Sport အမျိုးအစားကို အမေရိကန်ဒေါ်လာ ၃၅၀ ဖြင့် ရောင်းချသွားမည်ဟု ပြောကြားခဲ့သော်လည်း သာမန်အမျိုးအစားနှင့် Apple Watch Edition အမျိုးအစားအတွက် ဈေးနှုန်းကို ကြေညာထားခြင်း မရှိသေးပေ။ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ကမူ အဆိုပါ Apple Watch စမတ်နာရီကို ဧပြီလတွင် တင်ပို့ရောင်းချမည်ဟု ထုတ်ဖော်ပြောကြားထားသည်။
လတ်တလော ထွက်ပေါ်လာသည့် သတင်းများအရ MacBook Air ဒီဇိုင်းသစ်နှင့် ပြန်လည်ပြင်ဆင်ထားသည့် Beats Music ၏ streaming ဝန်ဆောင်မှုကိုလည်း အဆိုပါ မိတ်ဆက်ပွဲတွင် ထုတ်ဖော်ပြောကြားသွားဖွယ်ရှိကြောင်း သိရသည်။
Credit: Internet Journal

Post a Comment