Virtual Reality app များဖန်တီးနေကြောင်း Facebook ပြောကြား
Facebook သည် လူများစွာက VR content များကိုခံစားနိုင်ပြီး ဖန်တီးမှုများ ပြုလုပ်နိုင်မည့် virtual reality (VR) app များကို ဖန်တီးနေကြောင်း ပြောကြားသွားခဲ့သည်။
Facebook အနေဖြင့် ပြီးခဲ့သည့်နှစ် မတ်လက အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖြင့် Oculus VR headset ကုမ္ပဏီကို ဝယ်ယူခဲ့ပြီး သုံးစွဲသူများအတွက် ဆန်းသစ်မှုရှိသော လူမှုရေးမီဒီယာ အတွေ့အကြုံများကို ခံစားနိုင်ရန်အတွက် ဖန်တီးမှုများ ပြုလုပ်ရန် အစီအစဉ်များရှိကြောင်း သတင်းများ ထွက်ပေါ်လာသည်။ Facebook ၏ ထုတ်ကုန် အကြီးအကဲဖြစ်သူ ခရစ်ကော့က ကုမ္ပဏီအနေဖြင့် VR နှင့်ပတ်သက်၍ လုပ်ကိုင်နေဆဲဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ်၊ လာဂန်နာနိုင်ဂွယ်တွင် ပြုလုပ်ခဲ့သည့် Code/Media စည်းဝေးပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သည်။ သို့ရာတွင် ၎င်းအနေဖြင့် VR app များမည်သို့ အလုပ်လုပ်ကြောင်း၊ သုံးစွဲသူများက မည်သို့ content ကိုဖန်တီးရကြောင်း သို့မဟုတ် timeline တွင်မည်သို့ ဖော်ပြရကြောင်းကိုမူ မပြောကြားခဲ့ပေ။
Credit: Inernet Journal

Post a Comment