Header Ads

Cadillac CTS, 2014 အကြောင်း သိကောင်းစရာ

Cadillac CTS ဟာ mid-size luxury ကားအမျိုးအစားဖြစ်ပြီး 2003 မှ 2007 အထိ 1st generation, 2008 မှ 2014 အထိ 2nd generation, 2014 မှ လက်ရှိအထိ 3rd generation အနေဖြင့် ထုတ်လုပ်ခဲ့ပါတယ်။


လက်ရှိ နောက်ဆုံး ထုတ်လုပ်ထားတဲ့ 3rd generation မှာတော့ ကားရဲ့ ပုံစံခေတ်မှီဆန်းသစ်လွန်းတဲ့အပြင် အင်ဂျင် 2000cc အနေနဲ့ပါ ထုတ်လုပ်ထားတာမို့ အခွန်ရာနှုန်းအားဖြင့် သက်သာစေမှာ ဖြစ်ပါတယ်။ 

အရင်မော်ဒယ်တွေနဲ့ ကားရဲ့ အတွင်းအပြင်ဒီဇိုင်းက လုံးဝကွဲပြားသွားပါတယ်။ အထူးသဖြင့် ကားရဲ့ အရှေ့ပိုင်း မီးနဲ့ ပုံစံက ခေတ်မှီဆန်းပြားသွားပါတယ်။

2014 မှ ပုံစံပြောင်းလဲ ထုတ်လုပ်လိုက်တဲ့ CTS ဟာ 2000cc အင်ဂျင်နဲ့ရော 3600cc အင်ဂျင်နဲ့ပါ (၂)မျိုးထုတ်လုပ်ထားပေမယ့် အခွန်ရာနှုန်းသက်သာစေမယ့် 2000cc (2.0L turbocharged) ကို အဓိကထားဖော်ပြချင်ပါတယ်။

2WD ရော 4WD (AWD) အနေနဲ့ပါ ထုတ်လုပ်ထားပြီး ဆီစားနှုန်းကတော့ ဓါတ်ဆီ တစ်ဂါလံကို 2WD ဆို 32 ကီလို (မြို့တွင်း) 48 ကီလို (မြို့ပြင်)၊ 4WD ဆိုရင်တော့ 30.4 ကီလို (မြို့တွင်း)၊ 44.8 ကီလို (မြို့ပြင်) မောင်းနှင်နိုင်ပါတယ်။
ဂရိတ်ခွဲတွေအနေနဲ့ standard, luxury, performance, premium ဆိုပြီး (၄)မျိုး ရှိပါတယ်။ 

Standard ကတော့ ရိုးရိုး base grade ဖြစ်ပါတယ်။ CTS ရဲ့ မူလ standard ကိုက မြင့်ပြီးသားမို့ base grade မှာတောင် 17" အလွိုင်း၊ Brembo brake system၊ keyless entry, 8" touchscreen display, 11-speaker Bose surround-sound audio system, USB port စတဲ့ feature တွေ ပါဝင်လာပါလိမ့်မယ်။

Luxury ဂရိတ်မှာတော့ Xenon headlight ပါဝင်သွားပါတယ်။ အထူးသဖြင့် safety system တွေဖြစ်တဲ့ lane-departure warning, forward collision alert, blind-spot monitoring, rear cross-traffic alert စတဲ့ system တွေပါဝင်လာပါမယ်။ Performance မှာတော့ 18" အလွိုင်း၊ ခေါင်းမိုးအပြည့် sunroof၊ အနောက်ဘေးမှန် လိုက်ကာ၊ နောက်မှန်လိုက်ကာမော်တာ၊ 110V power outlet စတာတွေ ပါဝင်လာပါလိမ့်မယ်။

ဂရိတ်အမြင့်ဆုံး premium မှာတော့ ကားမောင်းသူကို အထာက်အကူပြုပေးမယ့် စနစ်တွေ ပိုများလာပါတယ်။ Front & rear automatic braking (တိုက်ခါနီး အော်တို ဘရိတ်အုပ်ပေးပါတယ်)၊ automatic seatbelt tightening (ထိုင်ခုံခါးပတ်ကို ယာဉ်တိုက်ခါနီးဆို သတိပေးတဲ့အနေနဲ့ တင်းပေးပါတယ်) စတဲ့စနစ်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။

Cadillac CTS, 2014 model, 2000cc ကို USA မှတဆင့် မှာယူတင်သွင်းမယ်ဆို ကားဖိုး၊ အခွန်အပါအ၀င် အပြီးအစီးကို ကျပ်သိန်း 950 နဲ့အထက် ကျသင့်မှာဖြစ်ပါတယ်။ မိမိဝယ်ယူလိုတဲ့ ကားရဲ့ဂရိတ်၊ အရောင်၊ မောင်းနှင်ပြီးမိုင်စတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ကားတန်ဖိုးမှာ ပြောင်းလဲနိုင်ပါတယ်။ အသေးစိပ် သိရှိလိုပါက Distinct Trading Co., Ltd. အမှတ် (၁)၊ ကန်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း 09-3010-1000, 09-3010-1000, 09-254-637-637, 09-254-638-638, 09-254-639-639 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

No comments

Powered by Blogger.