Header Ads

ဘက်ထရီသက်တမ်း အကောင်းဆုံး tablet များ

Tablet တစ်လုံးကို ရွေးချယ်ဝယ်ယူရာတွင် ဘက်ထရီသက်တမ်း ကောင်းမွန်မှုကို ထည့်သွင်းစဉ်းစားရန် အရေးကြီးသည်။ Tablet တစ်လုံးအနေဖြင့် အင်တာနက် အသုံးပြုခြင်း၊ ဂိမ်းကစားခြင်းနှင့် ဗီဒီယိုကြည့်ရှုခြင်းတို့ကို ပြုလုပ်ရာတွင် နာရီအတန်ကြာ အသုံးပြုနိုင်ခြင်း မရှိပါက အချည်းအနှီးသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဘက်ထရီသက်တမ်း ကြာရှည်သည့် အကောင်းဆုံး tablet များကို ဖော်ပြလိုက်ပါသည်။


Amazon Fire HDX 8.9

Fire HDX 8.9 ၂၀၁၄ မော်ဒယ်တွင် ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်ထားသည်။ ၎င်းတွင် နောက်ဆုံးပေါ် Firefly item-recognition software ကို အသုံးပြုထားပြီး လျင်မြန်သည့် စွမ်းဆောင်ရည်နှင့် အံ့အားသင့်ဖွယ်ကောင်းသည့် စပီကာ ပါဝင်သည်။ ဘက်ထရီသက်တမ်းမှာ download လုပ်ထားသည့် Amazon Instant Video ဇာတ်လမ်းများကို ကြည့်ရှုသည့်အခါ ၁၀ နာရီခန့် အသုံးပြုနိုင်သည်။



Apple iPad Air 2

Apple ၏ ဒုတိယမျိုးဆက် iPad Air တွင် လျင်မြန်သည့် ပရိုဆက်ဆာနှင့်အတူ ပါးလွှာသည့် ကိုယ်ထည်ဒီဇိုင်းဖြင့် အဆင့်မြှင့်တင်ထားသည်။ ၎င်းတွင် ပါဝင်သည့် ဘက်ထရီသည် အားအပြည့်သွင်းပြီး အသုံးပြုပါက ၁၀ နာရီခန့် အသုံးပြုနိုင်သည်။


LG G Pad

LG tablet များတွင် LG စမတ်ဖုန်းများကဲ့သို့ ဆွဲဆောင်မှု မရှိသော်လည်း ၎င်းတို့၏ ဘက်ထရီသက်တမ်းမှာ အကောင်းဆုံး စာရင်းထဲတွင် ပါဝင်သည်။ ၇ လက်မနှင့် ၁၀ လက်မ LG G Pad ၏ ဒီဇိုင်းနှင့် feature များသည် အလွန်ရိုးရှင်းသည်။ အရွယ်ကြီးမားသည့် အမျိုးအစားသည် ၇ လက်မထက် ဘက်ထရီသက်တမ်း ပိုမိုကြာရှည်သည်။ ၇ လက်မ အမျိုးအစား၏ ဘက်ထရီသက်တမ်းက ၁၁ နာရီဖြစ်ပြီး ၁၀ လက်မ အမျိုးအစားကို ၁၃ နာရီအထိ အသုံးပြုနိုင်သည်။



Lenovo Yoga Tablet 2

Lenovo tablet များသည်လည်း တစ်မူထူးခြားသည်။ Yoga အမျိုးအစား tablet များတွင် အလွန်အသုံးတည့်စေမည့် kickstand ပါဝင်သလို နောက်ဆုံး အမျိုးအစားတစ်ခုတွင်လည်း projector ပင် ပါဝင်လာပြီ ဖြစ်သည်။ ၈ လက်မ၊ ၁၀ လက်မနှင့် ၁၃ လက်မ အမျိုးအစားများတွင် ဘက်ထရီကို ၁၃ နာရီအထိ အသုံးပြုနိုင်သည်။






No comments

Powered by Blogger.