Header Ads

ချန်ပီယံလိဂ်ဖလားမရဘဲ ပွဲအများဆုံးကိုင်တွယ်သူအဖြစ် ၀င်းဂါး စာရင်းဝင်

ချန်ပီယံလိဂ်လက်ရှိ ကစားပွဲပုံစံကို ၂၀၀၃- ၂၀၀၄ ခုနှစ် စတင်ပြောင်ဲးလိုက်ချိန်မှ စ၍ အာဆင်နယ်နည်းပြ အာစင် ၀င်းဂါးသည် ချန်ပီယံလိဂ်ပွဲ အများဆုံးကိုင်တွယ်ပြီး ဖလားမကိုင်မြောက်ခဲ့ရသော နည်းပြဖြစ်သည်ဟု Goal ၀က်ဘ်ဆိုက်က ဖော်ပြသည်။

ဝင်းဂါးသည် အာဆင်နယ် အသင်းကို (၁၇) နှစ် ဆက်တိုက်ချန်ပီယံလိဂ်သို့ ပို့ဆောင်ပေးခဲ့ သည်။ ယင်းစံချိန်မှာ ၀င်းဂါး၏ အာဆင်နယ်၌ အောင်မြင်မှုကို မကြာခဏဖော်ပြသော တိုင်းတာ မှုဖြစ်သည်။
သို့ရာတွင် ပရီးမီးယားလိဂ် ၌ လက်ရှိသက်တမ်း အရှည်ဆုံးနည်းပြမှာ ဖလားမရှိ၍ ဥရောပထိပ်တန်းပြိုင်ပွဲတွင် ပွဲအများဆုံးကိုင်တွယ်ခဲ့မှု အလွန်အထင်မကြီးဖွယ်ရာမှတ်တမ်းလည်းဖြစ် နေသည်။
ချန်ပီယံလိဂ်တွင် (၁၆) သင်း အဆင့် စတင်ထည့်သွင်းခဲ့သော ၂၀၀၃-၂၀၀၄ ရာသီ၌ အာဆင်နယ်မှာ တိုက်တိုက်ဆိုင်ဆိုင် ပရီးမီးယားလိဂ်တွင် ရှုံးပွဲလုံးဝမရှိ ခဲ့ပေ။ ထိုအချိန်မှစ၍ ၀င်းဂါးသည် ချန်ပီယံလိဂ်ပွဲပေါင်း ၁၀၉ ပွဲ ကိုင်တွယ်ခဲ့ပြီး ယင်းမှာ အခြား ဖလားမရရှိသော နည်းပြတစ်ဦး ဦးထက် နှစ်ဆရှိသည့် ပွဲအရေ အတွက်ဖြစ်သည်။
ရောဘတ်တိုမန်စီနီနှင့် မာစီယာ  လူဆက်စကူးတို့သည်  ချန်ပီယံ ၆၁ ပွဲစီကိုင်တွယ်၍ ၀င်းဂါး၏ နောက်တွင်ပူးတွဲ ဒုတိယရပ် တည်နေသည်။ ပယ်လီဂရီနီ (၅၄ ပွဲ)၊ လီစီယာနိုစပယ်လက် တီ (၄၉ ပွဲ) တို့မှာ ဖလားမရဘဲ ချန်ပီယံလိဂ်ပွဲအများဆုံး ကိုင် တွယ်ထားသော မန်နေဂျာများ ဖြစ်ကြသည်။
ဝင်းဂါးကိုင်တွယ်ခဲ့သော ချန်ပီယံလိဂ် ၁၀၉ ပွဲတွင် ၅၅ ပွဲအနိုင်ရရှိခဲ့ပြီး အနိုင်ရရှိမှု ရာခိုင်နှုန်း ၅၀ ဒသမ ၄၆ ရှိရာ ယင်းမှာအထင်ကြီးစရာဖြစ်နေသည်။
သို့သော်စေ့စေ့စပ်စပ်လေ့ လာပါက နိုင်ပွဲ ၄၂ ပွဲမှာ အုပ်စု အဆင့်တွင် ရရှိခြင်းဖြစ်ကာ ရှုံး ထွက်အဆင့်၌ အခြေအနေဆိုးသွားပြီး ၃၇ ပွဲ ကစားခဲ့ရာတွင် နိုင်ပွဲ၁၃ပွဲ၊ ရှုံးပွဲ၁၄ ပွဲနှင့် သရေ ၁၀ပွဲရရှိထားသည်။
အာစင်ဝင်းဂါးနှင့် အာဆင် နယ်အသင်း ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်ခွင့် အနီးစပ်ဆုံးဖြစ်ခဲ့ သော နှစ်မှာ ၂၀၀၆ ကဖြစ်ပြီး ပါရီမြို့ ဗိုလ်လုပွဲတွင် ဘာစီလိုနာကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။
—Ref:Goal
 Original post appeared on 7daydaily

No comments

Powered by Blogger.