စီးရီးစ် ဂြိုဟ်သိမ်ပေါ်မှ လင်းလက်နေသောအရာ
နာဆာမှ လွှတ်တင်ထားတဲ့ အာရုံဦး အာကာသယာဉ်ဟာ မတ်လ ၆ ရက်နေ့မှာ စီးရီးစ်ဂြိုဟ်သိမ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်..။ တဖြည်းဖြည်း နီးကပ်လာလေ.. စိတ်ဝင်စားစရာ ပိုကောင်းလာ လေပါဘဲ..။
ထို အာကာသယာဉ်မှ ဓါတ်ပုံရိုက်ကူးခဲ့စဉ်မှာ ဂြိုဟ်ပေါ်မှ လင်းလက်နေတဲ့ (သို့) အလင်းပြန်နေတဲ့ အရာတစ်ခုကို တွေ့မြင်ခဲ့ပါတယ်..။ ယခု နောက်ဆုံး မိုင် ၂၉၀၀၀ (၄၆၀၀၀ ကီလိုမီတာ) အကွာအဝေးမှ ထပ်မံရိုက်ကူးလိုက်တဲ့အခါမှာတော့...လင်းလက်နေတဲ့နေရာဟာ တစ်ခုထဲမဟုတ်ဘဲ.. သူ့ရဲ့ဘေးမှာ သေးငယ်တဲ့ အလင်းစက်လေးတစ်ခုကိုပါ တွေ့ရှိခဲ့ကြပါတယ်..။
ထူးခြားတာကတော့ သူတို့ နှစ်ခုစလုံးဟာ မီးတောင်ဝ လိုလို၊ ချိုင့်ဝှမ်းတစ်ခုလိုလို ဖြစ်နေတဲ့ အခွက်ထဲမှာ အတူတကွ ရှိနေကြတာဖြစ်ပါတယ်..။ ယခုအချိန်မှာတော့ ပဟေဠိတစ်ခုအဖြစ်သာ ရှိနေသေးပေမယ့်.. များမကြာမီအချိန်မှာတော့ ကျနော်တို့ အဖြေတစ်ခုခုကို သိရှိကြတော့မှာဘဲ ဖြစ်ပါတော့တယ်..။
Credit: အာကာသ နှင့် စကြာဝဠာ

Post a Comment