Header Ads

အာဆင်နယ်အရှုံးအတွက် နည်းပြဝင်းဂါးကို ဂရေမီဆောင်းနက်စ်အပြစ်တင်

လီဗာပူးနှင့် စကော့တလန် ကစားသမားဟောင်း ဂရေမီဆောင်းနက်စ်က မိုနာကိုအား ချန်ပီယံလိဂ်အိမ်ကွင်းပွဲ၌ ရှုံးခဲ့ရခြင်းတွင် အာဆင်နယ်၏ ဆိုးရွားလွန်းသည့်စွမ်းဆောင်ရည်ကို အပြစ်တင်ခဲ့ပြီး တိုက်စစ်ပိုင်း အားနည်းခြင်းအတွက် နည်းပြဝင်းဂါး ကိုသာ အပြစ်တင်ရမည်ဟု ပြော ကြားလိုက်သည်။


အာဆင်နယ်သည် မိုနာကို အား ၃-၁ ဂိုးဖြင့် အိမ်ကွင်းရှုံးခဲ့၍ ချန်ပီယံလိဂ်မှ ငါးကြိမ်ဆက်တိုက် နောက်ဆုံး(၁၆) သင်း အဆင့်မှ ထွက်ရန် နီးစပ်သွားသည်။

‘‘အာဆင်နယ်ဟာ  ဒီညတော် တော်လေးဆိုးရွားခဲ့ပါတယ်။ ပထမပိုင်း ဆယ်မိနစ်လောက်မှာ ခြိမ်းခြောက်နိုင်မယ့်ပုံရှိခဲ့တာကလွဲလို့ ပေါ့။ ဒီပွဲဟာ အာဆင်နယ်အရမ်းညံ့ပြီး သူတို့ကကောင်းခဲ့ တဲ့ပွဲလား။ အဖြေက ခြေစစ်ပွဲတွေမှာ လေးဂိုးပေးရတာနဲ့ အခုတစ်ပွဲတည်း  သုံးဂိုးပေးလိုက်ရတာ လား။ အာဆင်နယ်ဟာ စုစည်းမှုမရှိခဲ့ပါဘူး။ ဝင်းဂါးကိုပဲ အပြစ်တင်ရမှာပါ။ ပထမပိုင်း ၁၀မိနစ်ကလွဲလို့ ဘာခြိမ်းခြောက်မှု မှမလုပ်နိုင်ခဲ့လို့ပါ။ သာမန်တစ်သင်းက အာဆင်နယ်ကို ဒီညမှာ အလဲထိုးသွားခဲ့ပါတယ်’’ဟု ဆောင်းနက်စ်က ပြောသည်။

Credit: 7daydaily

No comments

Powered by Blogger.