သမိုင်းကြောင်းထဲက နာမည်ကြီး အွန်လိုင်း ရှော့ ပင်း amazon.com
သူ့ နာမည်က Jett Bezos (ဂျက်ဘီဇာ့) ငယ်စဉ်ကထဲက စမတ်ကျကျနေတတ်သူ တစ်ဦး ။
မိခင်ဖြစ်သူနဲ့  ပထွေးတို့ က ထက်မြက်မည့် သူ တစ်ယောက်လို့  ရိပ်မိကြတဲ့ အတွက် ဥာဏ်ရည် ဥာဏ်သွေး ထက်မြက်တဲ့ ကလေးများ ပရိုဂရမ် ကျောင်း တစ်ခုမှာ တက်ရောက် သင်ကြားစေခဲ့ တယ်။ ဂျက်ဟာ ၁၉၈၅ ခုနှစ်မှာပဲ အင်တာနက် နဲ့  ရင်းနှီးနေသူ တစ်ယောက် ဖြစ်ခဲ့တယ်။
ထိုခေတ် ကာလမှာ အင်တာနက်ကို အမေရိကန် စစ်တပ် အသိုင်းအ၀ိုင်း လောက်ပဲ အသုံးပြုနိုင်သေးပြီး အပြင်မှာ အင်တာနက်ကို ကိုင်တွယ် ဖူးသူ မဆိုထားနဲ့ ကြားဖူးသူဟု ဆို၍ပင် မဆိုသလောက်သာ ရှိသေးတဲ့ အချိန် ဖြစ်ပါတယ်။
အဲ့ဒီမှာ ဇာတ်လမ်းက စလာပါပြီ.. Amazon ပေါ်ထွက်လာ ဖို့ အကြောင်း အစလေးပါ ။ D.E Shaw ဆိုတဲ့ စတော့ဈေးနှုန်း တို့ ကို ကွန်ပျူတာနဲ့  တွက်ချက်ပြီး ရှေ့ အလား အလာကို တွက်ချက်တဲ့ Company မှာ ဂျက်ဟာ Vice-President အနေနဲ့  တာဝန်ယူခဲ့ပါတယ်။ ၁၉၉၄ လောက်မှာ အမှတ်မထင်ဘဲ စိတ်လှုပ်ရှားစရာ စာရင်းဇယား တစ်ခုကို တွေ့ လိုက်ပါတယ်။ အင်တာနက် အသုံးပြုသူများ ဟာ တစ်နှစ်မှာ ၂၃၀၀ ရာခိုင်နှုန်း မျှ တိုးလာနေတယ် ဆိုတာပါပဲ ။
ဂျက် သိလိုက်ပါတယ် .. ဒါဆိုရင် အင်တာနက် နဲ့ ချိတ်ဆက်နေမည့် သက်ဆိုင်ရာ ဈေးကွက်ကြီး မှာလည်း ကြီးထွားလာပြီ ဟူသော အဓိပ္ပါယ်လို့  သူနားလည်လိုက်ပါတယ်။ ထိုဈေးကွက်ကြီး နဲ့ အတူ မိမိ အနေနဲ့  တစ်ခုခု လုပ် ဖို့  ဂျက် ဆုံးဖြတ်လိုက်ပါတယ်။ ပထမဆုံး CD အပါအ၀င် ကွန်ပျူတာ ဆိုင်ရာ ကုန်ပစ္စည်း ငါးမျိုး ကို အသေးစိတ် လေ့လာကြည့်ပါတယ်။ စာအုပ် အသုံးပြုမှု နေရာမှာ ကွန်ပျူတာ နဲ့  အင်တာနက် အသုံးပြုမှု များ အစားထိုး လာလိမ့်မည် ဟု ကြိုတင်ဟောကိန်း ထုတ်လိုက်ပါတယ်။
လော့စ်အိန်ဂျယ်လိစ် မှာ ကျင်းပတဲ့ စာအုပ် အရောင်းအ၀ယ် သမားများ အစည်းအဝေး ကို သွားရောက်ပြီး ပြောင်းလဲ လာမည့် စီးပွားရေး ဆိုင်ရာ အခြေခံ ပုံစံတို့ ကို လေ့လာခဲ့ပြီး လိုအပ်တဲ့ အခြေခံ အချက် အလက် တွေကို စုဆောင်းခဲ့ပါတယ်။
နောက် သူ့ မိဘတွေ ဆီက ဒေါ်လာ (၃ ) သိန်း ချေးယူခဲ့ပြီး ဆီတယ်ဆိုတဲ့ ဆင်ခြေဖုံး တစ်နေရာ တွင် အိမ်တစ်လုံး ငှားရမ်းလိုက်ပါတယ်။ သူ ငှားရမ်းလိုက်တဲ့ နေရာကတော့ အိုင်တီလောကရဲ့ ဗဟိုချက် ဖြစ်သလို စာအုပ်ဖြန့် ချီရေး လုပ်တဲ့ နေရာ နဲ့ လည်း နီးကပ် ပါတယ်။ ဒီလိုနဲ့ ၁၉၉၅ မှာ အလုပ်သမား လေးဦး နဲ့ အတူ အမေဇုန် ဒေါ့ကွန်ဆိုတဲ့ အွန်လိုင်း အရောင်းဆိုက် တစ်ခုကို စတင် လွင့်တင် ခဲ့ပါတယ်။ အဓီက အနေနဲ့  အွန်လိုင်းကနေ စာအုပ် တွေ ရောင်းဖို့  ပထမဆုံး ဦးတည်လိုက်ပါတယ်။
အဲ့ဒီအချိန်မှာ ဂျက်ဟာ အသက် ၃၀ ပြည့်ခဲ့ ပါတယ်။ တကယ် ကောင်းတဲ့ ရလာဒ်ပါပဲ လုပ်ငန်းစတင်ပြီး ပထမ အပတ်မှာပဲ ဒေါ်လာ တစ်သောင်းခွဲလောက် အမှာ ရလိုက်ပြီး စက်တင်ဘာ လမှာတော့ တစ်ပတ် နှစ်သောင်း အထိ ရှိလာပါတယ် ။ ၁၉၉၆ မှာ အကောင်းဆုံး အသုံးပြုမှု ၀ဘ်ဆိုက် ဆယ်ခု စာရင်းမှာ အမေဇုံ ပါဝင်လာ ပါတယ်။ထို နောက်နှစ်မှာ အမေဇုံ ရှယ်ယာများ စတင် ရောင်းချခဲ့ရပြီး ရှယ်ယာ တစ်ခုကို (၂၈) ဒေါ်လာ နဲ့ စတင် ဖွင့်ခဲ့  ပြီး စုစုပေါင်း ဒေါ်လာ ၅၄ မီလျံ အထိ ရလာပါတယ်။ ၁၉၉၉ခုနှစ်မှာတော့ ရှယ်ယာ ဈေးနှုန်း ဟာ အမြင့်ဆုံး ရောက်ရှိလာပြီး ရှယ်ယာ တစ်ခုကို ၁၁၂ ဒေါ်လာအထိ ဈေးမြင့်ခဲ့ပါတယ်။
အမေဇုံ အနေနဲ့ တဖြည်းဖြည်း ကျယ်ပြန့် ကြီးထွားလာတာနဲ့ အတူ လုပ်ငန်းတစ်ခု လုံးကို ထိန်းချုပ်ဖို့ အတွက် ကိုယ်ပိုင် အဆောက်အအုံတွေ လိုအပ်လာပြီ ဆိုတာ ဂျက် သဘောပေါက် လိုက်ပါတယ်။ တစ်ဆက်ထဲ မှာပဲ အွန်လိုင်း စီးပွားရေး လုပ်ငန်းများမှာ ချုချာနေတဲ့ Company များကိုလည်း ၀ယ်ယူပြီး လုပ်ငန်း ချဲ့ ထွင်းမှု တွေ လုပ် ပါတယ်။ ဂိုထောင်တစ်လုံး မှာ စာအုပ်ရေ သုံးသန်းခန့်  ဆန့် တဲ့ ဂိုထောင်ကြီး ရှစ်ခုကို တည်ဆောက် ပါတယ်။ အွန်လိုင်း စီးပွားရေး စနစ် ကျဆင်းမှု ဖြစ်လာတဲ့ အခါ အမေဇုံ ရှယ်ယာများဟာ ၅.၉၇ အထိ ကျဆင်း ခဲ့ပြီး ဒေါ်လာ ၇ ဘီလျှံမျှ အထိ နာခဲ့ပြီး လုပ်ငန်း တစ်ခု လုံးကို ပိတ်ပစ် ရမဲ့ အခြေအနေ ဖြစ်လာပါတယ်။ လုပ်ငန်း အခြေအနေ အရ ၀န်ထမ်း အင်အားကိုလည်း ၁၅ ရာခိုင်နှုန်း မျှ လျော့ချလိုက်ရပါတယ်။
ပေးဆပ်ရမည့် အကြွေးတွေကလည်း ဒေါ်လာ တစ်ဘီလျှံ မျှ ရှိလာခဲ့ပါတယ် ။ ၀ရုန်းသုန်းကား အခြေအနေများ ကို နှစ် နှစ်မျှ အားတင်းကျော်ဖြတ်ရင်း ၂၀၀၄ ခုနှစ်မှာ ပြန်လည် ဦးမော့ လာခဲ့ပါတယ်။
ယနေ့ ဆိုရင် အမေဇုံ ၏ တိုးတက် မှုများမှာ ယခင် အရောင်းပုံမှန် လည်ပတ်နေပြီ ဖြစ်ပါတယ်။ အမေဇုံကို အွန်လိုင်း Web Portal အဖြစ် အသုံးပြု နေသော အခြား Company များနဲ့ တွဲဖက် လုပ်ကိုင်ရာ မှာလည်း မနည်းမနော ၀င်ငွေများ ရှိလာပါတယ်။
Credit – Lynntazaung

Post a Comment