Header Ads

ထူးဆန်းတဲ့ အမွှာညီအစ်မ


တစ်ကမ္ဘာလုံးမှာ မျိုးပွားမှုရဲ့  ထူးခြားသဘာဝ အရ မွေးဖွားလာတဲ့ ကလေးငယ်များဟာ ကိုယ်ခန္ဓာဆက် အမွှာများ အနေနဲ့  ရှင်သန်လာကြတာ အများအပြား ရှိပါတယ်။

အခုလည်း ထူးဆန်းတဲ့ရှင်သန်မှု အနေနဲ့ မွေးဖွားကြီးပြင်းလာခဲ့တဲ့
ခေါင်းနှစ်လုံး ညီအစ်မ အကြောင်းကို မျှဝေလိုပါတယ်။
Abigail Loraine Hensel and Brittany Lee Hensel (born March 7, 1990)
ဟန်စဲလ် ညီအစ်မ ဟာ ခေါင်းနှစ်လုံး နဲ့ ကိုယ်တစ်ခုသာ ရှိတဲ့ ညီအစ်မ ဖြစ်ပါတယ်။ ခေါင်းနှစ်လုံး ဖြစ်နေတဲ့ ခန္ဓာကိုယ်မှာ အဆုတ် သုံးခြမ်း၊ ကျောရိုး၊ နံရိုး နှစ်ခု၊ အသည်းတစ်ခု၊ အစာအိမ် နှစ်ခု၊ မျိုးပွားအင်္ဂါ် တစ်ခုတို့ ဖြင့် အသက်ရှင် သန်လာရပါတယ်။
အင်္ဂါ အစိတ်အပိုင်း တစ်ချို့ ဟာ တစ်စုံထဲသာ ပါရှိသည့် အတွက် ဘယ်လိုမှ ခွဲစိတ်ဖို့ မဖြစ်နိုင်တဲ့  အနေအထား ဖြစ်ပါတယ်။ ဒီလိုနဲ့ အသက်ရှင်နေထိုင်လာခဲ့တာ နှစ် ၂၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
ညီအစ်မနှစ်ယောက်ဟာ ပျော်ပျော်နေတတ်တယ်.. တစ်ဦးနဲ့ တစ်ဦး အလွန်ချစ်ကြပြီး ဆေးပညာအရ လွတ်လပ်စွာအသက်ရှင်နေထိုင် ဖို့ ခက်ခဲတယ်လို့ ဆိုခဲ့ပေမဲ့.. ထူးခြားတဲ့ စံပြ အမွှာ ဖြစ်တယ်ဆိုတာ မလွဲနိုင်ပါဘူး ။
Lynntazaung

No comments

Powered by Blogger.