Apple iPad အသစ်များ အောက်တိုဘာ ၂၂ ရက်နေ့တွင် မြင်တွေ့ ရမည်
Apple ဟာ ၎င်းရဲ့  iPad အသစ်များကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် တရားဝင် မိတ်ဆက် ပြသ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
iPad 5 နဲ့ iPad 2 mini ဖြစ်ပါတယ်။ ဒီအတွက် ကုမ္မဏီမှ အတည်ပြုထားပြီး ၂၀၁၃ နှစ်ကုန်ပိုင်းဟာ Apple အတွက် အလုပ်အရှုပ်ဆုံး အချိန်ကာလ လို့တောင် Tim Cook ကိုယ်တိုင် ငြီးငြူ ပြောဆိုခဲ့ပါတယ်။ အကြောင်း ကတော့ ယမန်နှစ် iPad mini မိတ်ဆက်ပြသ ပြီးနောက် ကြားမှာ အတော်လေး အဆက်အသွယ် ပြတ် သွားခဲ့ လို့ပါ။ ယခုတော့ Apple ဟာ ၎င်းတို့ရဲ့  Product line ကို ပိုမိုပြီး မိတ်ဆက်နေပါပြီ။ iPad mini တင် မကတော့ပဲ Apple Macbook Pro များလည်း မြင်ရမယ်လို့တောင် ခန့်မှန်း ထားကြ ပါတယ်။
iPad 5 နဲ့ iPad mini 2 မှာ အဓိက ထူးခြားတိုးတက်လာမှုကတော့ ကင်မရာ ဖြစ်ပြီး အခြားသော အစိတ်အပိုင်း များလည်း အနည်းငယ်စီ တိုးတက်ပြောင်းလဲ လာတယ်လို့ အိုင်တီပညာရှင် အချို့ က ခန့်မှန်း ရေး သား ဖော်ပြ ထားပါတယ်။ Samsung Galaxy Tab နဲ့ အခြားသော Tablet များအတွက် Apple ရဲ့  iPad ပစ္စည်းများဟာ ယှဉ်ပြိုင်စရာ အဖြစ် တည်ရှိနေ အုံးမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:mashable
.
Aung Kham ( ရိုးရာလေး )

Post a Comment