Header Ads

အနာဂတ်ရဲ့ ဖန်ဆင်းရှင်ဆိုတာ

၁၉၈၇ ခုနှစ်လောက်မှာပေါ့ လန်ချားလှည်းမောင်း သမား အဖိုးအို Bai Fangli ဟာ သူတစ်သက်လုံး ပင်ပင်ပန်းပန်းနဲ့ လုပ်ကိုင်ရှာဖွေခဲ့သမျှတွေအတွက် ပြန်လည်အနားယူဖို့ နေရပ်မြို့ လေးဆီကိုပြန်လာခဲ့ပါတယ်။ တစ်နေ့ သူ့နေရပ်မြို့ လေးရဲ့  လုပ်ငန်းခွင်တစ်ခုမှာ ကျောင်းနေအရွှယ် ကလေးတွေ အလုပ်လုပ်နေတာကိုတွေ့လိုက်ရတယ်.။…

ကျောင်းနေအရွှယ်လေးတွေဖြစ်ပေမဲ့ ကျောင်းဝင်ကြေးတောင်မတက်နိုင်၊ ဆင်းရဲလွန်းလှတဲ့ကလေးတွေဖြစ်တဲ့အတွက် ခုလို အရွှယ်နဲ့ မလိုက်အောင် ကြုံရာအလုပ်တွေကိုဝင်လုပ်နေရရှာတယ်။

အဲ့ဒီမှာဘဲ Bai ဟာ ထန်ကျင်း မြို့ ကိုပြန်သွားပြီး နဂို လန်းချားမောင်းတဲ့အ လုပ်ကို ပြန်လုပ်ခဲ့တယ် ပြီးတော့ ဘူတာနောက်နားက တည်းခိုးခန်းဧည့် သည်တွေကိုလည်း သွားလာရေးအတွက်ဝန်ဆောင်မှုပေးခဲ့ ပါသေး တယ်။ ၂၄ နာရီလုံးလုံး ခရီးသည်တွေကို စောင့်ခဲ့တယ်၊ အစားအသောက်ကိုလည်း ချို့ တဲ့စွာစားသောက်ပြီး စွန့်ပစ်ထားတဲ့တပတ်ရစ်အ၀တ်အစား အဟောင်းတွေဘဲသူရှာဖွေပြီးဝတ်ခဲ့တယ်။ ပြီးတော့ သူနေ့စဉ် ခက်ခက်ခဲခဲနဲ့ရှာဖွေရသမျှတွေပိုက်ဆံအားလုံးကို   ကျောင်းစရိတ်မတတ်နိုင်တဲ့ ကလေးငယ်တွေအတွက် ထောက်ပံ့ခဲ့ပြီး ပညာကို ဆက်သင်စေခဲ့တယ်။
၂၀၀၁ လောက်မှာပေါ့ သူဟာ Tianjin YaoHu (ထန်ကျင်း အလယ် တန်းကျောင်း) ဆီကို သူ့ရဲ့ နောက်ဆုံးစုထားတဲ့ ငွေကြေးလေး ကို ပေးပို့ဖို့အတွက် သူ့ရဲ့ လန်ချားလေးနဲ့မောင်းလာခဲ့တယ်။
အသက် (၉၀) ရှိသွားပြီဖြစ်တဲ့ လန်ချားမောင်းသမား အဖိုးအို က ကျောင်းသားလေးတွေကို ပြောပြတယ် သူ့မျက်ဝန်းမှာတော့ ကြေ ကွဲဝမ်းနည်းမှုတွေနဲ့ပေါ့
” အသက်အရွှယ်ကြီးလာတော့ အရင်လိုလန်ချား မနှင်းနိုင်တော့လို့ နောက်ထပ် မကူညီ မထောက်ပံ့နိုင် တာကို စိတ်မကောင်းပါဘူး ကလေးတို့ရယ် ”
တဲ့ကျောင်းမှာရှိတဲ့ ကျောင်းသား အားလုံး နှင့် ဆရာဆရာမအားလုံးက…တရွှေ့ ရွှေ့ ဖြင့် နှင်းပြီး ကျောင်းကပြန် ထွက်သွားတဲ့ အဖိုးအိုရဲ့ ကျောပြင်လေးကို ကြည့်ပြီး
မျက်ရည်လေးတွေ စီး ကျလျှက် နှုတ်ဆက်လိုက်ကြပါတော့တယ်။
သူဟာ နောက်ဆုံးအချိန်ထိ မရှိဆင်းရဲသား ကလေးငယ် (၃၀၀) ကျော်ကို သူတို့ရဲ့ ပညာသင်စရိတ်အတွက် တရုတ် ယွမ် 350,000 တိတိ လှူဒါန်းနိုင်ခဲ့ပါတယ်။အဖိုးအိုဟာ ၂၀၀၅ ခုနှစ်မှာ ကွယ်လွန် အနိစ္စရောက်ခဲ့ပါတယ်.။.သူမရှိတော့ပေမဲ့ သူရဲ့လုပ်ဆောင်ခဲ့မှုတွေကကော သူနေထိုင်ရှင်သန်ရာရပ်ဝန်းမှာတော့စွဲထင်ကျန်ခဲ့တုန်းပါ.။။
အင်္ဂလိပ်လို ဇာတ်လမ်းလေးတစ်ခုကို ကြိုက်လို့ အတက်နိုင်ဆုံး၊ အနီးစပ်ဆုံး ဘာသာပြန် ပြီး ဝေဌလိုက်ပါတယ်။ အထူးသဖြင့် အဖိုးအိုရဲ့ စိတ်ဓာတ်ကိုလေးစားအားကျလွန်းလို့ပါအသက်အရွှယ် ကြီးရင့်ပေမဲ့ သူ တက်တဲ့ ပညာနဲ့ သူချစ်တဲ့ အရပ်၊ သူချစ်တဲ့ ကလေးတွေအတွက် အနစ်နာခံ ကုသိုလ်ပြုသွားပုံက လေးစားအားကျဖွယ်ဖြစ်ပါသည်။
“သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ ” ဆရာဇော်ဂျီ ရဲ့  ကဗျာစာပိုဒ်လေးလည်း မျက်လုံးထဲ မြင်လာ၏။
အဖိုးအိုသည် စိတ်ကူး နှင့် ဆန္ဒကိုလက်တွေ့အကောင်ထည်ဖော်သွားနိုင်ခဲ့ပေသည်။
အဖိုးအို မြှင့်တင်ကူညီပေးလိုက်သော ကလေးတွေသည် ယခုအချိန်တွင် သူတို့၏ သက်ဆိုင်ရာ ကဏ္ဍများတွင် မြှင့်မြှင့်မားမားစွမ်းဆောင်လာနိုင်ကြပေတော့မည်။
ကျွန်တော်တို့ရဲ့ တိုင်းပြည်မှာလည်း မပြည့်စုံ မတက်နိုင်တဲ့ ကလေးငယ်တွေ်ရှိနေချေသေးသည်။ တက်နိုင်သလောက် ကူညီထောက်ပံ့မှုတွေ ပြုစေချင်သည်..။
ပညာရေးအတွက် ထောက်ပံ့ကူညီကြသော အသင်းအဖွဲ့ များကိုလည်း တွေ့လာရပါသည်….ဒီလိုအသင်းအဖွဲ့ မျိုးတွေကိုလည်း လေးစားအားကျမိကြောင်း နှင့်
ရေရှည်တည်တံ့နိုင်စေကြောင်း တောင်းဆုချွေလျှက်….အားလုံးဘဲ အဖိုးအိုလိုဘဲ…မပြည့်စုံကြတဲ့ ကလေးငယ်တွေအတွက်
” အနာဂတ်ရဲ့ ဖန်ဆင်းရှင် ” လို ဖြစ်နိုင်ကြပါစေလို့ တွန်းအားပေးမိပါတော့သည်။
အာကာမိုးတိမ်ချိုးငှက်ဟူသည်
Bell Bagan

No comments

Powered by Blogger.