“ဖိုးလပြည့်နဲ့တော့ လုံးဝမဟုတ်တာ confirm လုပ်ပါတယ်” ဟု မိုးစက်ဝိုင်ပြော
ပရိသတ်များအကြား လတ်တလော စိတ်ဝင်စားခြင်းခံနေရသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) ၏မြေး တက္ကသိုလ် များ ချန်ပီယံလိဂ် (UCL) ဥက္ကဋ္ဌ ကိုနေရွှေသွေးအောင်(ဖိုးလပြည့်) နှင့် Miss Universe Myanmar မိုးစက်ဝိုင်တို့နှစ်ဦး၏ ပတ်သက်မှုကို မိုးစက်ဝိုင်က “ဖိုးလပြည့်နဲ့တော့ လုံးဝမဟုတ်တာ cofirm လုပ်ပါတယ်” ဟု Miss Universe Myanmar Organization မှ အောက်တိုဘာ ၇ ရက်မွန်းလွဲပိုင်းက Park Royal Hotel တွင် ကျင်းပခဲ့သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
မိုးစက်ဝိုင်က “မိုးစက်သွားခဲ့တာ တက္ကသိုလ်ဘောလုံးအသင်းကို သွားအားပေးတာပါ။ မိုးစက်က ဒဂုံတက္ကသိုလ်မှာ E မေဂျာနဲ့ ဘွဲ့ရထားတာပါ။ ပြီးတဲ့အခါ Miss Universe Myanmar 2013 ပြိုင်ပွဲဆိုတာကလည်း အားကစားဝန်ကြီး ဌာနရဲ့အောက်က သွားတာပါ။ Miss Universe Myanmar 2013 အနေနဲ့ မြန်မာနိုင်ငံရဲ့ အားကစားပွဲတော်ကို သွားရောက်အားပေးတာပါရှင်။ မရှင်းမလင်းအထင်လွဲသွားတာပါ။
ဘာဖြစ်ပျက် လဲဆိုတာမသိလို့ မိုးစက်ထင်ပါတယ်။ အဓိက,က ဒီဟာက ဖွင့်ပွဲလေးတစ်ခုကိုပဲ ဖလားလေးယူဆောင်ပေး သွားတာပါ။ တစ်မျိုးမြင်သွားတဲ့ အဓိက အကြောင်း အရင်းကတော့ အကြောင်းအရာကို အတိအလင်းမသိ လို့ဘဲ မိုးစက်မြင်ပါတယ်။ ဒဂုံတက္ကသိုလ် အဝေးသင်ကျောင်းသူ တစ်ယောက်အနေနဲ့ ကိုယ့်ကျောင်းကပါ ၀င်ယှဉ်ပြိုင်တဲ့ပွဲကို ဖလားသွားပေးတယ်ဆိုတာ ဒါကဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စတစ်ခုပါ။ အဲဒါကို အားလုံး က သဘောပေါက်ကြမယ်ဆိုရင်တော့ မိုးစက်ကို အမြင်စောင်းနေတာလေးတွေ လျော့သွားမယ်လို့ ထင် ပါတယ်””ဟု ပြော ကြားသွားခဲ့သည်။
ယင်းသို့ တက္ကသိုလ်များချန်ပီယံလိဂ်ဆုဖလားအား ပြိုင်ကားဖြင့် ကွင်းတစ်ပတ်,ပတ်ပြီး စင်မြင့်ထက်သို့ သယ်ယူရာ တွင် ကိုနေရွှေသွေးအောင်(ဖိုးလပြည့်) က ပြိုင်ကားအထိ ဆင်းကြိုခဲ့သည့် ဓာတ်ပုံများသည် အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းဖြစ်စဉ်ကို ကိုနေရွှေသွေးအောင်(ဖိုးလပြည့်)က တက္ကသိုလ်များချန် ပီယံလိဂ်ဝက်ဘ်ဆိုဒ်မှ “နောက်တစ်ခု ကျွန်တော်ပြောလိုတာကတော့ Miss Universe Myanmar2013 ကိစ္စဖြစ်ပါတယ်။ သူဟာ ကျွန်တော်နဲ့ သိရုံသာသိပြီး လူချင်းမခင်ပါ။
သူဟာနှစ်ပေါင်း (၅၀) ကျော်ကြာမှ တစ်ကျော့ပြန်ဆုရရှိခဲ့သူ ဖြစ်ပြီး ကျွန်တော်တို့
ပြိုင်ပွဲမှာလည်း နှစ်အ တော်အတန်ကြာမှ ပြန်လည်ကျင်း ပခဲ့ခြင်းဖြစ် တာကြောင့် ဖွင့်ပွဲကြီး ပိုမိုစည်ကားသိုက်မြိုက်စေရန် ရည်ရွယ်၍ သူ့ကို ဆုရုပ်တုသယ်ဆောင် ပေးပါရန် ကျွန်တော်ကိုယ်တိုင် လေးလေးစားစား ဖိတ်ကြားခဲ့ခြင်းဖြစ် ပြီး သူကလည်း ၀မ်းမြောက်ဝမ်းသာ ပင်(အခကြေးငွေတစ်ပြား တစ်ချပ်မျှမယူဘဲ) တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို လေးစားဂုဏ် ပြုသောအား ဖြင့် ပါဝင်ပေးခဲ့ခြင်းဖြစ်ပါတယ်။
Internet တွင် ဖွနေသလို ပြိုင်ကားမှာ ကျွန်တော့်ကားမဟုတ်သလို ကျွန်တော် မောင်းပို့ပေးခြင်းလည်း မဟုတ်ပါဘူး။ ကျွန်တော်နဲ့ အဆက်အသွယ်လည်း မရှိပါ။ ပြိုင်ပွဲကျင်းပမှု ပိုမိုခမ်း နားလေ တက်္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားများ ပိုမိုပျော်ရွှင် ဂုဏ်ရှိလေသာဖြစ်၍ သူ့ကိုပါဝင်နိုင်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါသည်။
တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများကိုလေးစား၍ ပါဝင်ဆင်နွှဲပေးခဲ့သော မမိုးစက်ဝိုင်အပေါ် အခြေအမြစ်မရှိသော စွပ်စွဲချက်များအတွက် ကျွန်တော့် အနေဖြင့် အထူးပင် စိတ်မကောင်း ဖြစ်ရပါသည်” ဟု ရေးသားခဲ့သည်။
ယင်းပွဲသို့ တက်ရောက်ရန်အတွက် ကိုနေ ရွှေသွေးအောင်(ဖိုးလပြည့်)က မိုးစက်ဝိုင်အား တလေးတစား ဖိတ်ကြားခဲ့ သည်ဟု ရေးသားထားသော်လည်း မိုးစက်ဝိုင်ကမူ “ဒီပွဲကို အားကစားဝန်ကြီးဌာနကနေတစ်ဆင့် ဖိတ်ကြားပေးတာပါ” ဟု ဖြေကြားသွားခဲ့သည်။
မိုးစက်ဝိုင်သည် နိုဝင်ဘာတွင် ရုရှနိုင်ငံ မော်စကိုမြို့တွင်ကျင်းပမည့် Miss Universe Myanmar 2013 သို့ ၀င်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိပြီး ၎င်း၏ပွဲစဉ်သူများနှင့် ပူးပေါင်းကာ ပဒေသာပင်စိုက်ထူ၍ ထူးဖောင်ဒေးရှင်း၊ အမျိုးသမီးရေးရာအဖွဲ့များနှင့်အတူ လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်သည်။
credit:mizzima

Post a Comment