စက်တင်ဘာလ ဘာကလေအကောင်ဆုံးဆုများကို အာဆင်နယ် သိမ်းပိုက်
စက်တင်ဘာလအတွက် ဘာကလေ အကောင်းဆုံးဆုများကို အာဆင်နယ် အသင်းမှ သိမ်းပိုက်သွားခဲ့ကြောင်း
သိရသည်။
အာဆင်နယ်မှာ စက်တင်ဘာလအတွင်း ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်(၄)ပွဲစလုံး
အနိုင်ရခဲ့ပြီး ယင်းအတွက်ကြောင့် နည်းပြ အာစင်ဝင်းဂါးကို တစ်လတာ အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခဲ့ကာ
ဆန်းဒါးလန်းနှင့်ပွဲတွင် (၂)ဂိုး၊ စတုတ်စီးတီး၊ ဆွမ်ဆီးတို့နှင့်ပွဲစဉ်များတွင် တစ်ဂိုးစီ သွင်းယူပေးနိုင်ခဲ့သည့် ကွင်းလယ်လူ ရမ်ဆေးကိုလည်း တစ်လတာ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခဲ့သည်။
အာဆင်နယ်မှာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင် ဗီလာကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ရလဒ်ကောင်းများ ဆက်တိုက်ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဂိုးကွာခြားချက်အသာဖြင့် ဦးဆောင်နေနိုင်ကာ တစ်လတာ အကောင်းဆုံးနည်းပြဆုမှာ အာစင်ဝင်းဂါးအတွက် (၁၃)ကြိမ်မြောက် ဖြစ်လာခဲ့သည်။
zaw zaw tun

Post a Comment