ကွန်ပျူတာမောက်စ်ကို စနစ်တကျ အသုံးပြုခြင်း
Computer အသုံးပြုသူတော်တော်များများဟာ Computer Mouse ရဲ့ အသုံးဝင်မှုတွေကို အပြည့်အ၀ အသုံးမချတက်ကြပါဘူး။ အခု မျှဝေပေးမှာကတော့ Mouse ကို ကျွမ်းကျွမ်းကျင်ကျင်အသုံးချနိုင်လောက်အောင် Mouse ရဲ့ လျှို့ဝှက်ချက် တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်တော့ Computer ကိုအသုံးပြုပြီးဆိုတာနဲ့ Mouse မပါရင် တစ်ခုခုလိုနေသလို ခံစားနေရတာအမှန်ပါပဲ။ Notebook တွေမှာ ဆိုရင်တော့ Touch pad က Mouse ရဲ့လုပ်ဆောင်မှုအချို့ကို လုပ်ဆောင်ပေးနိုင်ပေးမယ့် mouse လောက်တော့ စွမ်းဆောင်နိုင်စွမ်းမရှိတာကတော့ အမှန်ပါပဲ။
၁။ Shift key & mouse click
Text editors (Notepad,Office Word) တွေ တော်တော်များများမှာ Shift key ကို နှိပ်ထားပြီးတော့ Mouse ရဲ့ Left Click ကို နှိပ်လိုက်မယ်ဆိုရင်တော့ စာသားတွေကို Highlight (Select) လုပ်ပေးမှာဖြစ်ပါတယ်။ ဥပမာအားဖြင့်ပြောရရင် Cursor ကို စာပိုဒ် တစ်ပိုဒ်ရဲ့ တစ်စမှာ ချထားလိုက်ပါ။ ပြီးရင် Shift key ကို နှိပ်ထားပြီးတော့ ကိုယ် select လုပ်ချင်တဲ့ နေရာနားကို mouse point ရွေ့ပြီး left click နှိပ်လိုက်ပါ။ ဒါဆိုရင် စာပိုဒ် အစကနေပြီးတော့pointer ရောက်တဲ့နေရာအထိကို highlight လုပ်ပေးသွားမှာဖြစ်ပါတယ်။
၂။ Scroll Wheel ကို အသုံးပြုခြင်း
ပုံမှန် အားဖြင့် user တော်တော်များများဟာ Mouse မှာပါတဲ့ Scroll Wheel ( Click နှစ်ခုကြားက ဘီးကိုခေါ်ခြင်းဖြစ်ပါတယ်) ကို အပေါ်အောက် သွားဖို့အတွက်ပဲ အသုံးပြုတတ်ကြပါတယ်။ တကယ်တော့ သူ့ရဲ့ လုပ်ဆောင်ချက်က အဲဒီ အချက် တစ်ခုထက်ပိုပါတယ်။ ဥပမာအားဖြင့်
- mouse wheel ဟာ ဘီးတစ်ခုသက်သက် မဟုတ်ပါဘူး။ သူ့ကို button တစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။ သူကို နှိပ်ခြင်းအားဖြင့် mouse ပေါ်က တတိယ ခလုတ်အဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီ လုပ်ဆောင်ချက်ဟာ Internet အသုံးပြုတဲ့ Browser တွေမှာ ပိုအသုံးဝင်ပါတယ်။ တကယ်လို့ သင်ဟာ လက်ရှိကြည့်နေတဲ့ Webpage ပေါ်က Link တစ်ခုခုကို နောက် page တစ်ခုမှာ ကြည့်ချင်တယ်ဆိုရင် ဒီ Wheel ကို နှိပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ ဒါဆိုရင် လက်ရှိ ကြည့်နေတဲ့ Page ကို ပိတ်သွားစေမှာမဟုတ်တော့ပါဘူး။ သာမာန်အားဖြင့် ဒီလိုဖြစ်ချင်ရင်တော့ browser setting မှာ သွားပြင်ထားရပါတယ်။ ဒါပေမယ့် အခု ဒီ Mouse ရဲ့ Trick ကိုသိပြီဆိုရင်တော့ ဒါတွေလုပ်စရာမလိုတော့ဘူးပေါ့။ ဒီလုပ်ဆောင်ချက်ကို Ctrl key + Left Key ဖြင့်လည်း လုပ်နိုင်ပါတယ်။
- Scrolling လုပ်တဲ့အခါမှာ Shift key ကို တွဲနှိပ်ထားမယ်ဆိုရင်တော့ ပုံမှန်ထက် မြန်မြန် Scroll လုပ်တာကို တွေ့ရပါတယ်။
- webpage တွေမှာ Zoom in နဲ့ Zoom out ကို အလွယ်တကူ လုပ်ချင်တယ်ဆိုရင်တော့ Scroll wheel ကို Control key နဲ့ တွဲပြီး အလုပ်လုပ်စေတာပဲဖြစ်ပါတယ်။
- Webpage မှာ Scroll Wheel ကို အသုံးပြုပြီး Scroll မလုပ်ချင်ပဲ Mouse ရွေ့ရုံနဲ့ Scroll up & down လုပ်ချင်တယ်ဆိုရင်တော့ Third Button(Scroll Wheel) ကို နှိပ်ထားပြီး mouse ကိုရွေ့လိုက်ပါ။
၃။ Double Click နဲ့ Triple Click
ပုံမှန် စာလုံး တစ်လုံးကို Select မှတ်ချင်ရင် အဲဒီ စာလုံးပေါ်မှာ Double Click နှိပ်လိုက်ရုံပါပဲ။ စာပိုဒ် တစ်ပိုဒ်လုံးကို Select မှတ်ချင်တယ် ဆိုရင်တော့ Triple Click နှိပ်ပါ။
၎။ Right Click
file ဒါမှမဟုတ် text တွေကို Select လုပ်ပြီးတဲ့ အချိန်မှာဆိုရင် Right Click နှိပ်လိုက်ပါ။ ဒါဆိုရင် အခြား လုပ်ဆောင်နိုင်တဲ့ ရွေးချယ်စရာတွေ အများကြီးကိုတွေ့ရမှာပါ။ ဒါကတော့ လူတိုင်းသိလောက်ပါတယ်။
၅။ Mouse Option
သင့် mouse ရဲ့ Setting တွေကို Control Panel ထဲက Mouse Properties ကနေ သွားပြီးပြင်ဆင်နိုင်ပါတယ်။ ဒါမှမဟုတ် Run box ထဲကနေ main.cpl ဆိုပြီးရိုက်ပြီးတော့လည်း သွားနိုင်ပါတယ်။ အဲဒီမှာ Mouse Pointer ရဲ့ အနှေး အမြန်၊ Pointer ပုံစံ၊ Cursor ပုံစံတွေကို ချိန်ညှိလို့ရပါတယ်။ ဒါ့အပြင် Scroll Wheel ရဲ့ Scrolling count၊ ဘယ်သန်၊ညာသန် တွေအတွက် mouse setting တွေ၊ Double Click ရဲ့ Speed တွေကိုပါ ချိန်လို့ရပါတယ်။
၆။ Windows အပိတ်အဖွင့်ကို Mouse ဖြင့် ထိန်းချုပ်ခြင်း
Windows တစ်ခုရဲ့ Title bar ကို Double Click နှိပ်ခြင်းဖြင့် windows ကို maximize ဖြစ်သွားစေမှာဖြစ်ပါတယ်။ တကယ်လို့ windows က maximize ဖြစ်နေပြီးသားဆိုရင်တော့ နဂို ပုံစံကို ပြန်ရောက်သွားစေမှာဖြစ်ပါတယ်။ ဒါ့အပြင် Title bar ရဲ့ ဘယ်ဘက် အစွန်ဆုံးက Icon ကို Double Click နှိပ်ခြင်းဖြင့်လည်း အဲဒီ Window ကိုပိတ်သွားစေမှာပါ။ ဒါကတော့ သိပ်အသုံးမ၀င်ပါဘူး။ ညာဘက်က ပိတ်တဲ့ icon ကို တစ်ချက်နှိပ်လိုက်ရင်လည်း ပိတ်သွားမှာဖြစ်လို့ပါ။
၇။ Mouse cursor ကို Keyboard ဖြင့် ထိန်းခြင်း
တစ်ခါတစ်လေ mouse ကို သုံးရတာ အဆင်မပြေဖြစ်တဲ့ အချိန်မှာဆိုရင်တော့ mouse cursor ကိုရွေ့ဖို့အတွက် keyboard ကို အသုံးပြုနိုင်ပါတယ်။ ဒါကို သုံးဖို့အတွက် keyboard ကနေ Alt+Left Shift+Numlock ကို နှိပ်ရပါမယ်။ ဒါမှမဟုတ် Control Panel ထဲက Accessibility Options သို့မဟုတ် Ease of Access ကနေပြီးတော့ Use Mouse keys ကို ရွေးလို့ရပါတယ်။ အပြန်အလှန်အားဖြင့် mouse pointer ကနေပြီးတော့ Keyboard က key တွေကို ရိုက်ချင်တယ်ဆိုရင်တော့ Virtual Keyboard ကိုခေါ်သုံးနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ တစ်ချို့ Mouse တွေမှာ Feature button တွေပါလာတတ်ပါတယ်။ ဒီလိုမျိုး Feature button တွေကို အသုံးပြုမယ်ဆိုရင်တော့ အဲဒီ Mouse နဲ့ ဆိုင်တဲ့ Driver software ကိုအရင် install လုပ်ပြီးတော့ မှ သုံးရပါမယ်။ ဒါတွေကို သိပြီဆိုရင်တော့ Computer Mouse ကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ပြီလို့ ခေါ်နိုင်ပါပြီ။
Spykid
HardwareZone Myanmar

Post a Comment