ကိုယ်ပျောက်ကျွန်းလို့ ပြောရမလားပဲ
သြစတေးလျ သိပ္ပံပညာရှင် တွေဟာ ကျွန်းတစ်ကျွန်းကို လိုက်လံရှာဖွေနေကြပါတယ်။Sandy Island လို့ခေါ်ပြီးတော့ Google Earth မှာတွေ့ရှိရသလို Bingနဲ့Yahooမှာလဲ တွေ့နိုင်ပါတယ်။သြစတေးလျနဲ့ နယူးကယ်လီဖိုးနီးယားကြားမှာ တည်ရှိတယ်လို့ဆိုပေမယ့် ပညာရှင်တွေ ရှာဖွေတဲ့အခါ ဘာကျွန်းမှမတွေ့ဘဲ ရေပြင်ကျယ်ကြီးသာ တွေ့ပါတယ်။ကိုသြဒိနိပ် တွေကတော့ အဲဒီနေရာမှာလို့ ဖော်ပြနေပြီးတော့ GPS စနစ်ကလဲ ဖော်ပြနေပေမယ့် ဘာကျွန်းမှ ရှာမတွေ့ပါဘူး။ကျွန်းကပဲ ပျောက်နေတာလား ဂြိုလ်တုကပဲ မှားနေတာလားဆိုတာ???
မောင်စိုင်း
(ကနောင်)

Post a Comment